ဘယ်လိုရင်ဆိုင်ကြမလဲ

ရာသီဥတုပြောင်းလဲခြင်းကို ရင်ဆိုင်ရန် နိုင်ငံတကာ မူဝါဒရေးရာ ကြိုးပမ်းလုပ်ဆောင်ချက်များ      ရာသီဥတုပြောင်းလဲခြင်းသည် တစ်ကမ္ဘာလုံး ခြုံ၍ ဖြစ်သည့် ပြဿနာ ဖြစ်သည့်အတိုင်း တစ်ကမ္ဘာလုံးက လိုက်နာသော မူဝါဒများကို ချမှတ်လိုက်နာရန် လိုအပ်သည်။ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့မှ ဦးစီးသော အာဏာပိုင်များ၊ ပညာရှင်များသည် မြေကမ္ဘာထိပ်သီးအစည်းအဝေးများ၊ ရာသီဥတုဆိုင်ရာ ညီလာခံများ ကျင်းပ၍ မူဝါဒကို ချမှတ် အကောင်အထည် ဖော်နေကြသည်။ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အချက်အလက်များကို စုဆောင်း မှတ်တမ်းတင်ခြင်း၊ ဆန်းစစ်ခြင်း၊ အစီရင်ခံစာများ ရေးသားခြင်းကို လုပ်ဆောင်သည့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အစိုးရများကြား ဆက်သွယ် ညှိနှိုင်းရေးအဖွဲ့(အိုင်ပီစီစီ)ကိုဖွဲ့၍ သိသင့်သိထိုက်သည်များကို ထုတ်ပြန်ပေးနေသည်။
(အပြည့်အစုံဖတ်ရှုရန် ...)
ကာဘွန်ဒိုင်အောက်ဆိုက် လျှော့ချရေးတွင် ဦးဆောင်နေသူ နိုင်ငံများနှင့် မြို့များ      ကမ္ဘာကြီး ပူနွေးလာမှု၏ အန္တရာယ်ကို အရေးမကြီးသယောင် ပြုနေသည့် အမေရိကန်၊ တရုတ်၊ အိန္ဒိယကဲ့သို့ နိုင်ငံများ ရှိနေသကဲ့သို့ တတ်နိုင်သမျှ တန်ပြန်ရန် ကြိုးစားနေကြသော နိုင်ငံများလည်း ရှိသည်။ ဥရောပနိုင်ငံ အများအပြားသည် ကာဘွန်ဒိုင်အောက်ဆိုက်အပါအ၀င် ဖန်လုံအိမ်ဓာတ်ငွေ့များကို လျှော့ချရန် မိမိတို့ တစ်ပိုင်တစ်နိုင် ကြိုးပမ်းလျက် ရှိကြသည်။ ဥရောပမြို့ကြီးများဖြစ်သော လန်ဒန်၊ ပါရီ၊ ဘာစီလိုနာ စသည်တို့၏ ယင်းကဏ္ဍတွင် ကြိုးပမ်းမှုများမှာ …
(အပြည့်အစုံဖတ်ရှုရန် ...)
အစားထိုးလောင်စာနှင့် နည်းပညာသစ်များဖြင့် ရာသီဥတုပြောင်းလဲခြင်း အကျိုးဆက်ကို ပြေလျော့စေရန် ကြိုးစားခြင်း      ရုပ်ကြွင်းလောင်စာများသည် ဖန်လုံအိမ်ဓာတ်ငွေ့ထွက်မှု၏ အဓိကအကြောင်းရင်း ဖြစ်ရာ ထိုနေရာများတွင် ဖန်လုံအိမ်ဓာတ်ငွေ့မထွက်သည့် (သို့မဟုတ်) အထွက်နည်းသည့် အခြားစွမ်းအင်ဇာစ်မြစ်များကို ဖော်ထုတ်သုံးစွဲခြင်း၊ ရုပ်ကြွင်းလောင်စာများကို မလွှဲသာ၍ သုံးစွဲနေရသေးခိုက် ယင်းတို့ကို တတ်နိုင်သမျှ စွမ်းအားပြည့် အသုံးချရန် နည်းလမ်းများ ရှာဖွေခြင်း အစရှိသည့် နည်းပညာများမှသည် ဖန်လုံအိမ်ဓာတ်ငွေ့များကို လေထုတွင်း မရောက်အောင် တားဆီးဖမ်းယူသိုလှောင်ရန် ကြိုးစားနေရခြင်းတို့အထိ နည်းလမ်းအမျိုးမျိုးဖြင့် ရာသီဥတုပြောင်းလဲခြင်း၏ အကျိုးဆက်ကို ပြေလျော့စေရန် ထိုးထွင်းကြံဆနေကြရသည်။ ရိုးရိုးအင်ဂျင်နှင့် လျှပ်စစ်မော်တာ နှစ်မျိုး ပူးတွဲ တပ်ဆင်ထားသော နှစ်မျိုးစပ်ကားများနှင့် စွမ်းအင်အသုံးချွေတာကာ သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေသည့် “စိမ်းလန်းသော အဆောက်အအုံများ” သည်လည်း တစ်နေ့တစ်ခြား ခေတ်စားလာနေသည်။
(အပြည့်အစုံဖတ်ရှုရန် ...)
ရာသီဥတုပြောင်းလဲမှုကို အများပြည်သူသိရှိအောင် ကြိုးပမ်းချက်များ     ရုပ်ကြွင်းလောင်စာကို ခေတ်သစ်ကမ္ဘာ၏ နေရာတိုင်းလိုလိုတွင် သုံးစွဲနေကြရ၍ ယင်း၏“ဆိုးပြစ်”ကို အသိအမှတ်ပြုရန် ခက်ခဲနေကြသည်။ နောက်ပိုင်း ကိုယ်တွေ့ကြုံလာကြရသည့် ရာသီဥတု ပြောင်းလဲနေမှု၏ ဆိုးကျိုးများကြောင့် အဆိုပါအန္တရာယ်ကို တိုး၍, တိုး၍ သိလာနေသော်လည်း ပိုမိုကျယ်ပြန့်နက်ရှိုင်းစွာ သိလာရန် ဆက်လက်လုပ်ဆောင်ကြရဦးမည်။
(အပြည့်အစုံဖတ်ရှုရန် ...)
ကာဘွန်ခြေရာကို ငယ်အောင် လုပ်ကြမှ     ကာဘွန်ခြေရာဆိုသည်မှာ လူတို့၏ လုပ်ဆောင်ချက်များကြောင့် ထွက်သည့် ဖန်လုံအိမ်ဓာတ်ငွေ့ပမာဏကြောင့် ကမ္ဘာ့ရာသီဥတုကို မည်မျှ ထိခိုက်ပြောင်းလဲမှုရှိသည်ကို တိုင်းတာဖော်ပြသော ကိန်းဂဏန်းဖြစ်ပြီး ထိုကာဘွန်ခြေရာကို ငယ်နိုင်သမျှ ငယ်အောင် လုပ်ကြဖို့ လူတိုင်းတွင် တာဝန်ရှိသည်။
(အပြည့်အစုံဖတ်ရှုရန် ...)
ဂျီအိုအင်ဂျင်နီယာ     တစ်ကမ္ဘာလုံး ပါဝင်ခြုံငုံမိအောင် ကြီးမားကျယ်ပြန်သော စီမံကိန်းများဖြင့် ကမ္ဘာ့ရာသီဥတုကို အေးမြစေမည့် နည်းပညာဖြစ်သည့် ဂျီအိုအင်ဂျင်နီယာပညာဖြင့် ကမ္ဘာပေါ်ကျနေသည့် နေရောင်ခြည်ပမာဏကို လျှော့ချရန် အချို့ကအကြံပြုသည်။
(အပြည့်အစုံဖတ်ရှုရန် ...)

ထွက်ပြီ

ဤ၀က်ဘ်ဆိုက်ပါ အချက်အလက်များ ကို ထပ်မံဖြည့်စွက် တည်းဖြတ်ကာ စာအုပ်ပုံစံအဖြစ် ဖွဲ့စည်း၍ မြင်ရခဲသော ပုံပေါင်းများစွာနှင့် အတူ ထုတ်ဝေ လိုက်သော ကျော်ဦး၏ ဥတုရာသီပြောင်းခဲ့ပြီ စာအုပ် ထွက်ပါပြီ။

ပြည်တွင်းတွင်ရော၊ ပြည်ပမှပါ ၀ယ်ယူနိုင်ရန် စီစဉ်ထားပါသည်။ ၀ယ်ယူလိုလျှင် Click here

စာမြည်းဖတ်ရှုလိုသော် Click here
HyperLink
HyperLink
HyperLink
Yahoo! News: Climate Change