ကိန်းဂဏန်းများကပြောသော ရာသီဥတုပြောင်းလဲမှု
-
စက်မှုတော်လှန်ရေးမတိုင်မီက (၁၈၅၀ ပြည့်နှစ်အထိ)လေထုတွင်း ကာဘွန်ဒိုင်အောက်ဆိုက် ပါဝင်မှုသည် ၂၈၆ ပီပီအမ် (လေထု အပုံ ၁ သန်းလျှင် ကာဘွန်ဒိုင်အောက်ဆိုက် ၂၈၆ ပုံ)ရှိသည်။ ၁၉၆၀ ပြည့်နှစ်တွင် လေထုတွင်း ကာဘွန်ဒိုင်အောက်ဆိုက် ပါဝင်မှုသည် ၃၁၅ ပီပီအမ် ရှိကြောင်း တိုင်းတာနိုင်ခဲ့သည်။ ၂၀၀၀ ပြည့်နှစ်တွင်မူ ၃၇၀ ပီပီအမ်မျှ ရှိကြောင်း တွေ့ရသည်။ ၂၀၀၅ ခုနှစ်၌ ကာဘွန်ဒိုင်အောက်ဆိုက် ပမာဏသည် ၃၈၀ ပီပီအမ် အထိ မြင့်တက်လာခဲ့သည်။ ၂၀၀၇ ခုနှစ်တွင် ၃၈၅ ပီပီအမ် ဖြစ်လာသည်။
-
ကမ္ဘာ့လူဦးရေနှင့်ကမ္ဘာ့စီးပွားရေးပမာဏ တက်လာသည်နှင့်အမျှ ကာဘွန်ဒိုင်အောက်ဆိုက်ပမာဏပါ လိုက်တက်လာသည်ကို အောက်ပါအတိုင်း တွေ့နိုင်သည်။
|
ကမ္ဘာ့လူဦးရေ (သန်းပေါင်း) |
ကမ္ဘာ့စီးပွားရေးပမာဏ (အမေရိကန်ဒေါ်လာ) |
(ပီပီအမ်) |
|
၁၆၀၀ ပြည့်နှစ် |
၅၄၅ |
၇၇ ဘီလျံ |
၂၇၄ |
|
၁၆၅၀ ပြည့်နှစ် |
၅၄၅ |
၈၂ ဘီလျံ |
၂၇၇ |
|
၁၇၀၀ ပြည့်နှစ် |
၆၈၀ |
၁၀၀ ဘီလျံ |
၂၇၇ |
|
၁၇၅၀ ပြည့်နှစ် |
၉၆၀ |
၁၃၅ ဘီလျံ |
၂၇၇ |
|
၁၈၀၀ ပြည့်နှစ် |
၁၀၀၀ |
၁၇၅ ဘီလျံ |
၂၈၄ |
|
၁၈၅၀ ပြည့်နှစ် |
၁၄၀၀ |
၃၆၀ ဘီလျံ |
၂၈၆ |
|
၁၉၀၀ ပြည့်နှစ် |
၁၈၀၀ |
၁ ထရီလျံ |
၃၀၀ |
|
၁၉၄၀ ပြည့်နှစ် |
၂၅၀၀ |
၎ ထရီလျံ |
၃၁၁ |
|
၂၀၀၀ ပြည့်နှစ် |
၆၀၀၀ |
၄၁ ထရီလျံ |
၃၇၀ |
|
၂၀၀၇ ခုနှစ် |
-
|
-
|
၃၈၅ |
-
လွန်ခဲ့သော နှစ် ၂၀၀ ခန့်က လေထုတွင်း၌ မီသိန်း ၇၀၀ ပီပီဘီ(လေထုအပုံ သန်းတစ်ထောင်တွင် မီသိန်း အပုံ ၇၅၀) (ppb- parts per billion) ရှိခဲ့ရာမှ ၁၉၉၈ ခုနှစ်တွင် ၁၇၅၀ ပီပီဘီအထိ ရှိလာသည်။ လက်ရှိ လေထုတွင်း မီသိန်းပမာဏသည် နှစ်ပေါင်း ၄၀၀၀၀၀ ခန့်အတွင်း အမြင့်မားဆုံး ဖြစ်သည်။
-
ဖွံ့ဖြိုးပြီးနိုင်ငံများမှ ထွက်သော ဖန်လုံအိမ်ဓာတ်ငွေ့ပမာဏသည် ၂၀၀၀ ပြည့်နှစ်နှင့် ၂၀၀၆ ခုနှစ်အတွင်း ၂ ဒသမ ၃ ရာခိုင်နှုန်း တိုးတက်လာသည်။
-
အမေရိကန်နိုင်ငံသည် ကမ္ဘာ့ကာဘွန်ဒိုင်အောက်ဆိုက်ထုတ်လွှတ်မှုပမာဏစုစုပေါင်း၏ ၂၄ ရာခိုင်နှုန်းကို ထုတ်နေသည်။
-
၂၀၀၇ ခုနှစ်တွင် ကမ္ဘာ့လေထုတွင်းရှိ ကာဘွန်ဒိုင်အောက်ဆိုက်ပမာဏ ၀ ဒသမ ၆ ရာခိုင်နှုန်း တိုးတက်ခဲ့ရာ ၁၉ ဘီလျံတန်မျှအထိ ဖြစ်လာသည်။
-
ဖန်လုံအိမ်ဓာတ်ငွေ့ထွက်မှုကို လက်ရှိပမာဏထက် မတက်အောင် ထိန်းချုပ်နိုင်သည့်တိုင်အောင် ယခုရာစုနှစ်ကုန်လျှင် ကမ္ဘာ့အပူချိန်သည် ၁ ဒီဂရီ ဖာရင်ဟိုက်(၀ ဒသမ ၆ ဒီဂရီ စင်တီဂရိတ်) မလွဲမသွေ တက်လာမည်။
-
တစ်ကမ္ဘာလုံးတွင် ၁ နှစ်လျှင် သစ်တောဧက ၃၂ သန်းခန့် ပြုန်းတီးနေသည်ဟု ကုလသမဂ္ဂစာရင်းဇယားများအရ သိရသည်။ ယခုပြုန်းနေသည့်နှုန်းအတိုင်း တွက်ကြည့်လျှင်နောင် နှစ် ၁၀၀ အတွင်း မိုးသစ်တောများ အားလုံး ကမ္ဘာပေါ်မှ ပျောက်ကွယ်သွားတော့မည့် အန္တရာယ်ရှိနေသည်။
-
ဥရောပသမဂ္ဂလေ့လာချက်တစ်ရပ်အရ သစ်တော၏ တန်ဖိုးကို တွက်ရာ၌ သစ်တန်ဖိုးအပြင် ရေဝေရလဲဒေသများကို ထိန်းသိမ်းထားခြင်း၊ ကာဘွန်ဒိုင်အောက်ဆိုက်ကို စုပ်ယူခြင်း စသည့် သစ်ပင်များ၏ စွမ်းဆောင်ချက်များကိုပါ ထည့်တွက်လျှင် သစ်တောခုတ်မှုကြောင့် ဆုံးရှုံးမှုပမာဏသည် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၂ ထရီလျံမှ ၅ ထရီလျံအထိ ရှိသည်။
-
အပူပိုင်းဒေသသစ်တောပြုန်းတီးမှုကြောင့် ထွက်သော ဖန်လုံအိမ်ဓာတ်ငွေ့ပမာဏသည် ကမ္ဘာ့ဖန်လုံအိမ်ဓာတ်ငွေ့ထွက်ရှိမှု စုစုပေါင်း၏ ၁၈ ရာခိုင်နှုန်းမျှ ရှိသည်။ ကမ္ဘာ့ဖန်လုံအိမ်ဓာတ်ငွေ့ထွက်ရှိမှု၏ ၁၃ ရာခိုင်နှုန်းသည် သယ်ယူပို့ဆောင်ရေးကဏ္ဍမှ ထွက်သည်။ အသားထုတ်လူပ်မှုမှ ထွက်သော ဖန်လုံအိမ်ဓာတ်ငွေ့ပမာဏသည် ကမ္ဘာ့ဖန်လုံအိမ်ဓာတ်ငွေ့ထွက်ရှိမှု စုစုပေါင်း၏ ၁၈ ရာခိုင်နှုန်းမျှ ရှိသည်ဟု ကမ္ဘာ့ကုလသမဂ္ဂအစားအစာနှင့်စိုက်ပျိုးရေးအဖွဲ့က ခန့်မှန်းသည်။
-
၁၈၀၀ ပြည့်နှစ်နှင့် ၁၈၇၀ ပြည့်နှစ်အတွင်းက ကမ္ဘာ့ပျမ်းမျှ အပူချိန်သည် ၁၃ ဒသမ ၆ ဒီဂရီ စင်တီဂရိတ် ရှိသည်။ ၁၉၀၆ ခုနှစ်မှ ၂၀၀၅ ခုနှစ်အထိ နှစ် ၁၀၀ အတွင်း မျက်နှာပြင်အနီး လေထု၏ ပျမ်းမျှအပူချိန်သည် ၀ ဒသမ ၇၄ ဒီဂရီ စင်တီဂရိတ် တက်ခဲ့သည်။ ဆယ်စုနှစ်အလိုက်စိစစ်လျှင် ၁၉၇၀ ပြည့်နှစ်မှ စ၍ ဆယ်နှစ်လျှင် ပျမ်းမျှ ၀ ဒသမ ၁၅ ဒီဂရီ စင်တီ ဂရိတ်နှုန်းဖြင့် မြင့်တက်နေသည်။ ၁၉၉၈ ခုနှစ်မှ ၂၀၀၇ ခုနှစ်အတွင်းတွင် ၀ ဒသမ ၁၀ ဒီဂရီ စင်တီဂရိတ် တက်လာသည်။
-
၁၈၅၀ ပြည့်နှစ်မှ ၂၀၀၇ ခုနှစ်အထိ တက်လာခဲ့သော အပူချိန်များကို ဆန်းစစ်ချက်အရ အပူဆုံးနှစ်များမှာ အပူချိန် အများမှ အနည်းသို့ အစဉ်လိုက်အားဖြင့် ၁၉၉၈၊ ၂၀၀၅၊ ၂၀၀၃၊ ၂၀၀၂၊ ၂၀၀၄၊ ၂၀၀၆ နှင့် ၂၀၀၇ တို့ ဖြစ်ကြသည်။
-
၁၉၇၀ ပြည့်နှစ်မှ ၂၀၀၀ ပြည့်နှစ်အတွင်း ကမ္ဘာတွင် မိုးခေါင်သော ဧရိယာ နှစ်ဆ တက်လာသည်။
-
မြောက်ဝင်ရိုးစွန်းရေခဲပြင်သည် လွန်ခဲ့သော ဆယ်စုနှစ်များအတွင်း ၄၀ ရာခိုင်နှုန်းမျှ ပါးလျားသွားခဲ့သည်။ တစ်ကမ္ဘာလုံးရှိ ရေခဲပြင်များ၏ ဧရိယာသည် ၁၀ ရာခိုင်နှုန်း လျော့နည်းသွားသည်။ တောင်ထိပ်များပေါ်ရှိ ရေခဲများ၏ ပမာဏသည်လည်း ဆုတ်ယုတ်လာနေသည်။
-
၁၉၉၃ ခုနှစ်နှင့် ၂၀၀၃ ခုနှစ်ကြား ၁၀ နှစ်အတွင်းတွင် ပင်လယ်ရေပြင်သည် ၁ နှစ်လျှင် ၃ မီလီမီတာ တက်လာသည်။ လွန်ခဲ့သည့် နှစ်ပေါင်း ၁၀၀ က ပင်လယ်ရေပြင်နှင့် နှိုင်းယှဉ် လေ့လာလျှင် ၁၀ စင်တီမီတာမှ ၂၅ စင်တီမီတာခန့် တက်လာသည်။
-
ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ခန့်မှန်းချက်အရ ၂၀၀၀ ပြည့်နှစ်က တစ်ကမ္ဘာလုံး၏ ၀မ်းလျှောရောဂါကြောင့် သေဆုံးမှုများ၏ ၂ ဒသမ ၄ ရာခိုင်နှုန်းသည် ရာသီဥတုပြောင်းလဲမှုကြောင့် ဖြစ်သည်ဟု ဆိုသည်။
|
|
ထွက်ပြီ
ဤ၀က်ဘ်ဆိုက်ပါ အချက်အလက်များ ကို ထပ်မံဖြည့်စွက် တည်းဖြတ်ကာ စာအုပ်ပုံစံအဖြစ် ဖွဲ့စည်း၍ မြင်ရခဲသော ပုံပေါင်းများစွာနှင့် အတူ ထုတ်ဝေ လိုက်သော ကျော်ဦး၏ ဥတုရာသီပြောင်းခဲ့ပြီ စာအုပ် ထွက်ပါပြီ။
ပြည်တွင်းတွင်ရော၊ ပြည်ပမှပါ ၀ယ်ယူနိုင်ရန် စီစဉ်ထားပါသည်။ ၀ယ်ယူလိုလျှင် Click here
စာမြည်းဖတ်ရှုလိုသော် Click here
|
|
|
|
|
|
|
|
|
|

Yahoo! News: Climate Change
|
|