ပြောင်းလဲမှု လက္ခဏာများ

လေထုတွင်း ဖန်လုံအိမ်ဓာတ်ငွေ့ပမာဏ မြင့်တက်မှု     ဖန်လုံအိမ်ဓာတ်ငွေ့များ ဖြစ်ကြသည့် ကာဘွန်ဒိုင်အောက်ဆိုက်၊ မီသိန်း၊ နိုက်ထရပ်စ်အောက်ဆိုက်တို့၏ ပမာဏသည် အစဉ်တစိုက် မြင့်တက်လျက် ရှိသည်။ စက်မှုတော်လှန်ရေးခေတ် မတိုင်မီက ကာဘွန်ဒိုင်အောက်ဆိုက်ပမာဏသည် ၂၈၀ ပီပီအမ် ရှိခဲ့ရာ ယခုအခါ ၃၈၀ ပီပီအမ်နီးနီးအထိ တက်လာသည်။ မီသိန်းပမာဏသည် နှစ်ဆခွဲမျှ တက်လာသည်။
(အပြည့်အစုံဖတ်ရှုရန် ...)
ကမ္ဘာ့အပူချိန်မြင့်တက်မှု     ကမ္ဘာ့အပူချိန်သည် ၂၀ ရာစုအလယ်ပိုင်းခန့်ကတည်းက တဖြည်းဖြည်းမြင့်တက်လာနေသည်။ ဆယ်စုနှစ်အလိုက်စိစစ်လျှင် ၁၉၇၀ ပြည့်နှစ်မှစ၍ ဆယ်နှစ်လျှင် ပျမ်းမျှ ၀ ဒသမ ၁၅ ဒီဂရီ စင်တီဂရိတ်နှုန်းဖြင့် မြင့်တက်နေသည်။ ၁၉၉၈ ခုနှစ်မှ ၂၀၀၇ ခုနှစ်အတွင်းတွင် ၀ ဒသမ ၁၀ ဒီဂရီ စင်တီဂရိတ် တက်လာသည်။
(အပြည့်အစုံဖတ်ရှုရန် ...)
ရေကြီးမှု      မှတ်တမ်းတင်ခဲ့သမျှ အကြီးမားဆုံး ရေလွှမ်းမိုးမှု ၂၁ ခုတွင် ၁၆ ခုမှာ ၁၉၅၃ ခုနှစ် နောက်ပိုင်းတွင် ဖြစ်ပေါ်ခဲ့ကြောင်း တွေ့ရှိရသည်။ အဆိုပါ တွေ့ရှိချက်နှင့် နောက်ပိုင်းဖြစ်ပေါ်နေသော သတင်းများအရ ရာသီဥတု ပြောင်းလဲခြင်းကြောင့် ရေကြီးမှုအကြိမ် တဖြည်းဖြည်း များလာနေပြီး အနာဂတ်တွင်လည်း ပိုမို ဆိုးဝါးပြင်းထန်လာမည်ကို ဖော်ပြလျက် ရှိသည်။
(အပြည့်အစုံဖတ်ရှုရန် ...)
မိုးခေါင်မှု      တက်လာနေသော ကမ္ဘာ့အပူချိန်ကြောင့် အချို့နေရာများတွင် မိုးခေါင်မှု ပိုမိုကျယ်ပြန့် ပြင်းထန်လာနေသည်။ ပူနွေးသောလေထုသည် မြေကြီးထဲမှ ရေငွေ့များကို စုပ်ယူသောသတ္တိကို ပိုင်ဆိုင်၍ မြေပြင် ခြောက်သွေ့မှုကို အားပေးသည်။ အမေရိကန်လေ့လာချက်တစ်ခုက ၁၉၇၀ ပြည့်နှစ်နောက်ပိုင်းတွင် မိုးခေါင်မှု ဖြစ်ပွားသော ဧရိယာ ၂ ဆ ပိုလာသည်ဟု ဆိုသည်။
(အပြည့်အစုံဖတ်ရှုရန် ...)
ပင်လယ်ရေပြင်မြင့်တက်မှု      ဂရင်းလန်းကျွန်းပေါ်ရှိ ရေခဲပြင်သည် ထုထည်အားဖြင့် ကုဗကီလိုမီတာ ၃ သန်း(၁ ကုဗကီလိုမီတာ = ၀ ဒသမ ၂၄ ကုဗမိုင်)မျှ ရှိသည်။ ကမ္ဘာ့တောင်ဘက် အန္တာတိကတိုက်ရှိ ရေခဲပြင်သည် ဂရင်းလန်း ရေခဲပြင်ထက် ၁၀ ဆခန့် ပိုကြီး၍ ထုထည်အားဖြင့် ကုဗကီလိုမီတာ သန်း ၃၀ မျှ ရှိသည်။ လေ့လာချက်တစ်ခုအရ ဂရင်းလန်း ရေခဲပြင်များသည် ၁ နှစ်လျှင် ၂၀၀ ကုဗကီလိုမီတာ(၄၈ ကုဗမိုင်)မျှ အရည်ပျော်နေသည်။ အန္တာတိကရေခဲပြင်အချို့သည်လည်း နွေးသောရာသီဥတုကြောင့် အရည်ပျော် ပဲ့ထွက်ကာ ပင်လယ်ထဲ ကျလျက်ရှိသည်။
(အပြည့်အစုံဖတ်ရှုရန် ...)
ရောဂါတိုးတက်ဖြစ်ပွားမှု      ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုကြောင့် လူတို့ သေဆုံးမှုများနှင့် ရောဂါဖြစ်ပွားမှုများသည် အစဉ်တိုးပွားနေသည်။ အပူဒဏ်ကြောင့် နှလုံးနှင့် သွေးကြောစနစ်ရောဂါများ၊ အသက်ရှူလမ်းကြောင်း ရောဂါများလည်း ပိုမိုဖြစ်ပွားသည်။ ငှက်ဖျား၊ သွေးလွန်တုပ်ကွေးစသည့် အပူပိုင်းဒေသရောဂါများသည် ပင်ရင်းဒေသတွင်ပင် အရေအတွက်တိုးမြင့်လာသည့်အပြင် သမပိုင်းဒေသအထိပါ တိုးချဲ့ရောက်ရှိ ဖြစ်ပွားနေသည်။
(အပြည့်အစုံဖတ်ရှုရန် ...)

ထွက်ပြီ

ဤ၀က်ဘ်ဆိုက်ပါ အချက်အလက်များ ကို ထပ်မံဖြည့်စွက် တည်းဖြတ်ကာ စာအုပ်ပုံစံအဖြစ် ဖွဲ့စည်း၍ မြင်ရခဲသော ပုံပေါင်းများစွာနှင့် အတူ ထုတ်ဝေ လိုက်သော ကျော်ဦး၏ ဥတုရာသီပြောင်းခဲ့ပြီ စာအုပ် ထွက်ပါပြီ။

ပြည်တွင်းတွင်ရော၊ ပြည်ပမှပါ ၀ယ်ယူနိုင်ရန် စီစဉ်ထားပါသည်။ ၀ယ်ယူလိုလျှင် Click here

စာမြည်းဖတ်ရှုလိုသော် Click here
HyperLink
HyperLink
HyperLink
Yahoo! News: Climate Change