စိမ်းလန်းသောအဆောက်အအုံများနှင့် ပတ်သက်သည့် အကြောင်းအရာများ

အမိုးဖြူ လမ်းဖြူ ကားဖြူ     အမိုးနှင့် လမ်းမျက်နှာပြင် စသည်တို့ကို အဖြူရောင် သုတ်၍ ဖန်လုံအိမ်အာနိသင်ကို လျှော့ချနိုင်ဟု အမေရိကန်စွမ်းအင်ဝန်ကြီးက ပြောသည်။
(အပြည့်အစုံဖတ်ရှုရန် ...)
အစားထိုးလောင်စာနှင့် နည်းပညာသစ်များဖြင့် ရာသီဥတုပြောင်းလဲခြင်း အကျိုးဆက်ကို ပြေလျော့စေရန် ကြိုးစားခြင်း      ရုပ်ကြွင်းလောင်စာများသည် ဖန်လုံအိမ်ဓာတ်ငွေ့ထွက်မှု၏ အဓိကအကြောင်းရင်း ဖြစ်ရာ ထိုနေရာများတွင် ဖန်လုံအိမ်ဓာတ်ငွေ့မထွက်သည့် (သို့မဟုတ်) အထွက်နည်းသည့် အခြားစွမ်းအင်ဇာစ်မြစ်များကို ဖော်ထုတ်သုံးစွဲခြင်း၊ ရုပ်ကြွင်းလောင်စာများကို မလွှဲသာ၍ သုံးစွဲနေရသေးခိုက် ယင်းတို့ကို တတ်နိုင်သမျှ စွမ်းအားပြည့် အသုံးချရန် နည်းလမ်းများ ရှာဖွေခြင်း အစရှိသည့် နည်းပညာများမှသည် ဖန်လုံအိမ်ဓာတ်ငွေ့များကို လေထုတွင်း မရောက်အောင် တားဆီးဖမ်းယူသိုလှောင်ရန် ကြိုးစားနေရခြင်းတို့အထိ နည်းလမ်းအမျိုးမျိုးဖြင့် ရာသီဥတုပြောင်းလဲခြင်း၏ အကျိုးဆက်ကို ပြေလျော့စေရန် ထိုးထွင်းကြံဆနေကြရသည်။ ရိုးရိုးအင်ဂျင်နှင့် လျှပ်စစ်မော်တာ နှစ်မျိုး ပူးတွဲ တပ်ဆင်ထားသော နှစ်မျိုးစပ်ကားများနှင့် စွမ်းအင်အသုံးချွေတာကာ သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေသည့် “စိမ်းလန်းသော အဆောက်အအုံများ” သည်လည်း တစ်နေ့တစ်ခြား ခေတ်စားလာနေသည်။
(အပြည့်အစုံဖတ်ရှုရန် ...)

ထွက်ပြီ

ဤ၀က်ဘ်ဆိုက်ပါ အချက်အလက်များ ကို ထပ်မံဖြည့်စွက် တည်းဖြတ်ကာ စာအုပ်ပုံစံအဖြစ် ဖွဲ့စည်း၍ မြင်ရခဲသော ပုံပေါင်းများစွာနှင့် အတူ ထုတ်ဝေ လိုက်သော ကျော်ဦး၏ ဥတုရာသီပြောင်းခဲ့ပြီ စာအုပ် ထွက်ပါပြီ။

ပြည်တွင်းတွင်ရော၊ ပြည်ပမှပါ ၀ယ်ယူနိုင်ရန် စီစဉ်ထားပါသည်။ ၀ယ်ယူလိုလျှင် Click here

စာမြည်းဖတ်ရှုလိုသော် Click here
HyperLink
HyperLink
HyperLink
Yahoo! News: Climate Change