စိမ်းလန်း နည်းပညာလှိုင်းလုံးကြီး လာနေပြီ
ကျယ်ပြန့်လာနေသည့် စိမ်းလန်းနည်ပညာနယ်ပယ်သို့ စောစောဝင်လေ၊ ပိုအကျိုးရှိလေဖြစ်သည်။
(အပြည့်အစုံဖတ်ရှုရန် ...)
|
သင်္ချိုင်းကုန်းမှ နေရောင်စွမ်းအင်
စပိန်နိုင်ငံ စန်တာကိုလိုမာဒီဂရာမင်နက်မြို့အနီးရှိ သင်္ချိုင်းမှ နေရောင်ခံပြားများသည် အိမ်ခြေ ၆၀ တစ်နှစ်စာ သုံးစွဲနိုင်သည့် စွမ်းအင်ပမာဏကို ထုတ်လုပ်ပေးလျက် ရှိသည်။
(အပြည့်အစုံဖတ်ရှုရန် ...)
|
အစားထိုးလောင်စာနှင့် နည်းပညာသစ်များဖြင့် ရာသီဥတုပြောင်းလဲခြင်း အကျိုးဆက်ကို ပြေလျော့စေရန် ကြိုးစားခြင်း
ရုပ်ကြွင်းလောင်စာများသည် ဖန်လုံအိမ်ဓာတ်ငွေ့ထွက်မှု၏ အဓိကအကြောင်းရင်း ဖြစ်ရာ ထိုနေရာများတွင် ဖန်လုံအိမ်ဓာတ်ငွေ့မထွက်သည့် (သို့မဟုတ်) အထွက်နည်းသည့် အခြားစွမ်းအင်ဇာစ်မြစ်များကို ဖော်ထုတ်သုံးစွဲခြင်း၊ ရုပ်ကြွင်းလောင်စာများကို မလွှဲသာ၍ သုံးစွဲနေရသေးခိုက် ယင်းတို့ကို တတ်နိုင်သမျှ စွမ်းအားပြည့် အသုံးချရန် နည်းလမ်းများ ရှာဖွေခြင်း အစရှိသည့် နည်းပညာများမှသည် ဖန်လုံအိမ်ဓာတ်ငွေ့များကို လေထုတွင်း မရောက်အောင် တားဆီးဖမ်းယူသိုလှောင်ရန် ကြိုးစားနေရခြင်းတို့အထိ နည်းလမ်းအမျိုးမျိုးဖြင့် ရာသီဥတုပြောင်းလဲခြင်း၏ အကျိုးဆက်ကို ပြေလျော့စေရန် ထိုးထွင်းကြံဆနေကြရသည်။ ရိုးရိုးအင်ဂျင်နှင့် လျှပ်စစ်မော်တာ နှစ်မျိုး ပူးတွဲ တပ်ဆင်ထားသော နှစ်မျိုးစပ်ကားများနှင့် စွမ်းအင်အသုံးချွေတာကာ သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေသည့် “စိမ်းလန်းသော အဆောက်အအုံများ” သည်လည်း တစ်နေ့တစ်ခြား ခေတ်စားလာနေသည်။
(အပြည့်အစုံဖတ်ရှုရန် ...)
|
|
|