၂၀ ရာစုအလယ်ပိုင်းခန့်ကတည်းက ကမ္ဘာ့မျက်နှာပြင်အနီး လေထုနှင့် ရေထုအပူချိန်သည် တဖြည်းဖြည်းမြင့်တက်လာနေသည်။ ၁၉၀၆ ခုနှစ်မှ ၂၀၀၅ ခုနှစ်အထိ နှစ် ၁၀၀ အတွင်း မျက်နှာပြင်အနီး လေထု၏ ပျမ်းမျှအပူချိန်သည် ၁ ဒသမ ၃၃ ဒီဂရီ ဖာရင်ဟိုက်(၀ ဒသမ ၇၄ ဒီဂရီ စင်တီဂရိတ်) တက်ခဲ့သည်။ ဆယ်စုနှစ်အလိုက် စိစစ်လျှင် ၁၉၇၀ ပြည့်နှစ်မှ စ၍ ဆယ်နှစ်လျှင် ပျမ်းမျှ ၀ ဒသမ ၁၅ ဒီဂရီ စင်တီဂရိတ်နှုန်းဖြင့် မြင့်တက်နေသည်။ ၁၉၉၈ ခုနှစ်မှ ၂၀၀၇ ခုနှစ်အတွင်းတွင် ၀ ဒသမ ၁၀ ဒီဂရီ စင်တီဂရိတ် တက်လာသည်။
၁၈၅၀ ပြည့်နှစ်မှ ၂၀၀၇ ခုနှစ်အထိ တက်လာခဲ့သော အပူချိန်များကို ဆန်းစစ်ချက်အရ အပူဆုံးနှစ်များမှာ အပူချိန် အများမှအနည်းသို့ အစဉ်လိုက်အားဖြင့် ၁၉၉၈၊ ၂၀၀၅၊ ၂၀၀၃၊ ၂၀၀၂၊ ၂၀၀၄၊ ၂၀၀၆ နှင့် ၂၀၀၇ တို့ ဖြစ်ကြသည်။
၁၉၉၈ ခုနှစ်၏ အပူချိန်သည် အမြင့်ဆုံး ဖြစ်နေခြင်းမှာ ထူးခြားသော ရာသီဥတုအခြေအနေဖြစ်သည့် အယ်လ်နီညိုကြောင့် ဖြစ်သည်။ သို့သော် အယ်လ်နီညိုကြောင့် အပူချိန်တက်ခြင်းမှာ အချိန်တိုအတွင်း၌သာ ဖြစ်သည်။ ရေရှည်အပူချိန်တက်မှုကို မထိခိုက်ပေ။
၂၁ ရာစုအတွင်းတွင် အပူချိန်သည် ၂ ဒီဂရီမှ ၁၁ ဒသမ ၅ ဒီဂရီ ဖာရင်ဟိုက်(၁ ဒသမ ၁ ဒီဂရီမှ ၆ ဒသမ ဒီဂရီ စင်တီဂရိတ်)ခန့် ထပ်တက်ဦးမည်ဟု ခန့်မှန်းထားသည်။
|
|
|
|