မီးတောင်ပေါက်မှု
13-Sep-08

     မီးတောင်မှထွက်သည့် ပြာမှုန်များ၊ ဓာတ်ငွေ့များသည် ကမ္ဘာ့ရာသီဥတုကို သိသာစွာ ပြောင်းလဲစေတတ်သည်။ မီးတောင်များသည် ကာဘွန်ဒိုင်အောက်ဆိုက်၊ ရေငွေ့၊ ဆာလ်ဖာဒိုင်အောက်ဆိုက်၊ ပြာမှုန်စသည်တို့ကို လေထုတွင်း မှုတ်ထုတ်သည်။ မီးတောင်မှ ထွက်သည့် ကာဘွန်ဒိုင်အောက်ဆိုက်စသည့် ဖန်လုံအိမ်ဓာတ်ငွေ့ပမာဏသည် ကမ္ဘာကိုပူနွေးစေရာတွင် များစွာသက်ရောက်မှုမရှိသော်လည်း ကန့်ဓာတ် ဖြစ်သည့် ဆာလ်ဖိတ်အမှုန်များသည်မူ ပြာမှုန်ဘ၀သို့ ပြောင်းကာ ရာသီဥတုကို အေးမြစေသည်။ ဆာလ်ဖိတ်အမှုန်များသည် လေထု အမြင့်မိုင် ၃၀ သို့တိုင် ရောက်ရှိကာ တစ်ကမ္ဘာလုံးသို့ ပြန့်နှံ့လွှမ်းခြုံ၍ နေရောင်ကို အာကာသထဲ ပြန်ဟပ်ထုတ်ခြင်းဖြင့် ရာသီဥတုကို အေးမြစေခြင်းဖြစ်သည်။ သို့သော် ဆာလ် ဖိတ်တို့သည် လအနည်းငယ်ကြာမှ ပြာမှုန်ဘ၀ရောက်သည့်အတွက် အဓိက မီးတောင်ပေါက်မှုကြီးများအပြီး ရာသီဥတု အေးမြလာရန်လည်း လပေါင်းများစွာကြာသည်။ ဥပမာ ၁၉၉၁ ခုနှစ်က ဖိလစ်ပိုင်နိုင်ငံ ပင်နာဘူတိုမီးတောင် ပေါက်ကွဲခဲ့ရာ လေထုတွင်းသို့ ဆာလ်ဖာဒိုင်အောက်ဆိုက် တန်ချိန် ၂၆ သန်းမျှ ရောက်ရှိခဲ့သည်။ ယင်းမီးတောင်ပေါက်ပြီး ၁ နှစ် အကြာတွင် ကမ္ဘာ့ပျမ်းမျှအပူချိန်သည်လည်း ၀ ဒသမ ၅ ဒီဂရီခန့် ကျဆင်းခဲ့သည်။

ထွက်ပြီ

ဤ၀က်ဘ်ဆိုက်ပါ အချက်အလက်များ ကို ထပ်မံဖြည့်စွက် တည်းဖြတ်ကာ စာအုပ်ပုံစံအဖြစ် ဖွဲ့စည်း၍ မြင်ရခဲသော ပုံပေါင်းများစွာနှင့် အတူ ထုတ်ဝေ လိုက်သော ကျော်ဦး၏ ဥတုရာသီပြောင်းခဲ့ပြီ စာအုပ် ထွက်ပါပြီ။

ပြည်တွင်းတွင်ရော၊ ပြည်ပမှပါ ၀ယ်ယူနိုင်ရန် စီစဉ်ထားပါသည်။ ၀ယ်ယူလိုလျှင် Click here

စာမြည်းဖတ်ရှုလိုသော် Click here
HyperLink
HyperLink
HyperLink
Yahoo! News: Climate Change