ကမ္ဘာ့ဝင်ရိုးယိမ်းထိုးနေမှု
26-Sep-08

     ရာသီဥတု ပြောင်းလဲခြင်း အခြားအကြောင်းတစ်ခုမှာ ကမ္ဘာသည် မိမိ၏ ၀င်ရိုးပေါ်တွင် ယိမ်းထိုး၍ လည်နေမှု ဖြစ်သည်။ ၀င်ရိုးယိမ်းထိုးမှုသည် နှစ်ပေါင်း ၂၆၀၀၀ လျှင် ၁ ပတ် ကြာသည်။ ယင်းယိမ်းထိုးမှုကြောင့် နွေနှင့် ဆောင်းဝင်ချိန်သည် နှစ်ပေါင်း ၇၀ လျှင် ၁ ရက်နှုန်းဖြင့် တဖြည်းဖြည်း ရွေ့လျားနေသည်။ ဥပမာ ၂၀၀၀ ပြည့်နှစ်က ဒီဇင်ဘာလ ၁ ရက်နေ့တွင် ဆောင်းရာသီ စလျှင် ၂၀၇၀ ပြည့်နှစ်တွင် နိုဝင်ဘာလ ၃၀ ရက်နေ့တွင် ဆောင်းရာသီ စမည်။ ယင်းသို့ တဖြည်းဖြည်း ရွေ့လျားနေမှုကြောင့် လွန်ခဲ့သော နှစ်ပေါင်း ၁၃၀၀၀ က ကမ္ဘာ့မြောက်ခြမ်း၌ ဒီဇင်ဘာလတွင် နွေဖြစ်၍ ဇွန်လတွင် ဆောင်းဖြစ်ခဲ့သည်။ ကမ္ဘာ့တောင်ခြမ်း၌ ဒီဇင်ဘာလတွင် ဆောင်းဖြစ်၍ ဇွန်လတွင် နွေဖြစ်ခဲ့သည်။ လက်ရှိ အခြေအနေနှင့် ပြောင်းပြန်ဖြစ်သည်။ ယင်းဖြစ်ရပ်မျိုးကို နောက် နှစ်ပေါင်း ၁၃၀၀၀ ကြာလျှင် ထပ်ကြုံရဦးမည်။
    ကမ္ဘာ့ဝင်ရိုးတိမ်းစောင်းမှု၊ ကမ္ဘာနှင့် နေတို့ကြား အကွာအဝေး၊ ကမ္ဘာ့ဝင်ရိုးယိမ်းထိုးနေမှုတို့သည် ရှုပ်ထွေးသော၊ တွက်ရခက်ခဲသော ပုံစံဖြင့် ကမ္ဘာ့ရာသီဥတုကို အမျိုးမျိုးပြောင်းလဲစေလျက် ရှိသည်။ အဆိုပါ ဖြစ်စဉ် ၃ ခု (သို့မဟုတ်) ၂ ခုတို့ အချိန်ကိုက် ပေါင်းဆုံမိလျှင် ကမ္ဘာပေါ်တွင် တစ်ခါတစ်ရံ ရာသီဥတု ပြင်းထန်မှု ပိုဆိုးလာသည်။ တစ်ခါတစ်ရံ ယင်း ဖြစ်စဉ်များ၏ အကျိုးသက်ရောက်မှုများ တစ်ခုနှင့်တစ်ခု အပြန်အလှန်ချေဖျက်လိုက်သဖြင့် ရာသီဥတုကို ထိခိုက်ခြင်း မရှိချေ။

ထွက်ပြီ

ဤ၀က်ဘ်ဆိုက်ပါ အချက်အလက်များ ကို ထပ်မံဖြည့်စွက် တည်းဖြတ်ကာ စာအုပ်ပုံစံအဖြစ် ဖွဲ့စည်း၍ မြင်ရခဲသော ပုံပေါင်းများစွာနှင့် အတူ ထုတ်ဝေ လိုက်သော ကျော်ဦး၏ ဥတုရာသီပြောင်းခဲ့ပြီ စာအုပ် ထွက်ပါပြီ။

ပြည်တွင်းတွင်ရော၊ ပြည်ပမှပါ ၀ယ်ယူနိုင်ရန် စီစဉ်ထားပါသည်။ ၀ယ်ယူလိုလျှင် Click here

စာမြည်းဖတ်ရှုလိုသော် Click here
HyperLink
HyperLink
HyperLink
Yahoo! News: Climate Change