ညဘက်ပျံသည့် နေစွမ်းအင်သုံးလေယာဉ်
20-Jul-10

    Solar Impulseဟု အမည်ပေးထားသော နေစွမ်းအင်သုံးလေယာဉ်သည် ၂၀၁၀ ပြည့်နှစ် ဇူလိုင်လ ၇ ရက်နေ့က ညဘက် စမ်းသပ်ပျံသန်းမှုကို အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ကြောင်း သိရသည်။ ယင်းလေယာဉ်သည် အမြင့်ပေ ၂၈၀၀၀ ကျော်အထိ တက်ရောက်ကာ ၂၆ နာရီကြာ ပျံသန်းပြီးနောက် ဆွစ်ဇာလန်နိုင်ငံ ဘန်းမြို့အနီး လေယာဉ်ကွင်းတစ်ခု၌ ဆင်းသက်ခဲ့သည်။ ယင်းစမ်းသပ်ပျံသန်းမှုသည် Solar Impulseကို နေရောင်ခြည်စွမ်းအင်သက်သက်ဖြင့် ကမ္ဘာတစ်ပတ် ပျံသန်းရန် စီမံကိန်း၏ အစိတ်အပိုင်းတစ်ခု ဖြစ်သည်။ လေယာဉ်တွင် အင်ဂျင်လေးလုံးပါပြီး ယင်းအင်ဂျင်တို့ကို ပေ ၂၀၀ ရှည် အတောင်ပံတွင် တပ်ဆင်ထားသော ဆိုလာဆဲလ်ပေါင်း ၁၂၀၀၀ တို့မှ ပေးသော စွမ်းအင်ဖြင့် မောင်းနှင်သည်။ ယင်းလေယာဉ်ကို ယခင်က နေ့ဘက်တွင် စမ်းသပ်မောင်းနှင်ပြီး ဖြစ်သော်လည်း ညဘက်မောင်းနှင်ခြင်းမှာ ယခုအကြိမ်သည် ပထမအကြိမ် ဖြစ်သည်။
    ယင်းလေယာဉ်ကို ၂၀၁၃ ခုနှစ်တွင် ကမ္ဘာတစ်ပတ် ပျံသန်းရန် ရာထားသည်။
Skip Navigation Linksပင်မစာမျက်နှာ » သတင်းများ » ယခုစာမျက်နှာ

ထွက်ပြီ

ဤ၀က်ဘ်ဆိုက်ပါ အချက်အလက်များ ကို ထပ်မံဖြည့်စွက် တည်းဖြတ်ကာ စာအုပ်ပုံစံအဖြစ် ဖွဲ့စည်း၍ မြင်ရခဲသော ပုံပေါင်းများစွာနှင့် အတူ ထုတ်ဝေ လိုက်သော ကျော်ဦး၏ ဥတုရာသီပြောင်းခဲ့ပြီ စာအုပ် ထွက်ပါပြီ။

ပြည်တွင်းတွင်ရော၊ ပြည်ပမှပါ ၀ယ်ယူနိုင်ရန် စီစဉ်ထားပါသည်။ ၀ယ်ယူလိုလျှင် Click here

စာမြည်းဖတ်ရှုလိုသော် Click here
HyperLink
HyperLink
HyperLink
Yahoo! News: Climate Change