တစ်ကမ္ဘာလုံးတွင် အပူလွန်ကဲသောနေ့များကို တိုးတက်ခံစားနေကြရချိန်တွင် မြို့ကြီးများသည် အခြားဒေသများထက် အပူလွန်ကဲသို့နေ့များကို ပိုမိုတွေ့ကြုံနေရကြောင်း လေ့လာချက်တစ်ရပ်က ဖော်ပြသည်။ အနာဂတ်တွင်လည်း မြို့ကြီးများ၌ အပူလွန်ကဲမှုများကို အခြားနေရာများတွင်ထက် ပိုမိုခံစားရမည် ဖြစ်ပြီး အပူဒဏ်ကို မခံနိုင်၍ သေဆုံးမှုများ တိုးပွားလာရန် ရှိနေသဖြင့် မြို့ပြစီမံကိန်းများ ရေးဆွဲ အကောင်အထည်ဖော်နေသူတို့အတွက် ယင်းအချက်ကို အလေးအနက် စဉ်းစားရန် လိုအပ်နေသည်။
အမေရိကန်တွင် အပူဒဏ်ကြောင့် သေဆုံးသူ မြို့ကြီးသားအရေအတွက်သည် အခြားသဘာဝဘေးများကြောင့် သေဆုံးရသော အရေအတွက်ထက် ပိုကြောင်း သိရှိရသည်။ ၁၉၉၅ ခုနှစ်က အမေရိကန်နိုင်ငံ ချီကာဂိုမြို့တွင် အပူလှိုင်းကြောင့် ၅ ရက်အတွင် လူ ၅၀၀ ခန့် သေဆုံးခဲ့သည်။
အဆောက်အအုံများနှင့် လမ်းများတိုးချဲ့လာခြင်းကြောင့် မြို့ကြီးများတွင် သစ်ပင်များ လျော့နည်းလာမှုက မြို့ကြီးများကို ထပ်ဆင့် အပူတိုက်လျက် ရှိသည်။
|
|
|
|