ပစိဖိတ်ကျွန်းများ ရေအောက် မရောက်နိုင်သေးဟုဆို
24-Jun-10

    ပင်လယ်ရေပြင် မြင့်တက်လာနေသော်လည်း ပစိဖိတ်သမုဒ္ဒရာအတွင်းရှိ အနိမ့်ပိုင်းကျွန်းအချို့သည် ရေအောက်သို့ တော်ရုံနှင့် မြုပ်မသွားနိုင်သေးကြောင်း လေ့လာချက်အသစ်တစ်ခုက ဆိုသည်။ ကျွန်းနိုင်ငံများ ဖြစ်ကြသော တူဗာလူ၊ ကီရီဘာတီနှင့် မိုက်ကရိုနီးရှားကျွန်းတို့သည် အရွယ်အစား ကြီးထွားလာနေသော ကျွန်းများထဲတွင် ပါသည့်အတွက် နောင်လာမည့် နှစ် ၁၀၀ ခန့်အတွင်း ရေအောက်မြုပ်သွားစရာ မရှိကြောင်း New Scientistမဂ္ဂဇင်းပါ ဆောင်းပါးတစ်ပုဒ်တွင် ရေးသားထားသည်။ ယင်းဆောင်းပါးသည် ကျွန်းပေါင်း ၂၇ ကျွန်းတို့၏ ဘူမိဗေဒဆိုင်ရာ အကြောင်းချင်းရာများကို နှစ်ပေါင်း ၆၀ ကြာ လေ့လာ၍ ရေးသားထားခြင်း ဖြစ်သည်။
    သမိုင်းမှတ်တမ်းဓာတ်ပုံများနှင့် ဂြိုဟ်တုဓာတ်ပုံများအရ လေ့လာချက်ပါ ကျွန်း ၂၇ ကျွန်းတို့အနက် ၈၀ ရာခိုင်နှုန်းသည် မူရင်းအခြေပနေအတိုင်း ရှိနေသေးသကဲ့သို့ အရွယ်ကြီးထွားလာနေသော ကျွန်းများကိုလည်ူ လေ့လာတွေ့ရှိရသည်။ သန္တာကျောက်ခက်များနှင့် အခြားအနည်များ စုပုံလာ၍ တဖြည်းဖြည်း ကြီးထွားလာနေသော ယင်းကျွန်းများတွင် အနာဂတ်၌ လူသူ ဆက်လက်နေထိုင်ရန် အခြေအနေ ပေး/မပေးကိုမူ မသေချာသေးဟု ဆိုသည်။ မြင့်တက်လာနေသော ပင်လယ်ရေပြင်ကြောင့် သောက်သုံးရေချို ရှားပါးခြင်း ဖြစ်ပေါ်လာပါက ကျွန်းနေလူတို့၏ လူနေမှုဘ၀ကို မထိခိုက်နိုင်ဟုတော့ မပြောနိုင်ကြောင်း ယင်းလေ့လာချက်တွင် ဖော်ပြထားသည်။
Skip Navigation Linksပင်မစာမျက်နှာ » သတင်းများ » ယခုစာမျက်နှာ

ထွက်ပြီ

ဤ၀က်ဘ်ဆိုက်ပါ အချက်အလက်များ ကို ထပ်မံဖြည့်စွက် တည်းဖြတ်ကာ စာအုပ်ပုံစံအဖြစ် ဖွဲ့စည်း၍ မြင်ရခဲသော ပုံပေါင်းများစွာနှင့် အတူ ထုတ်ဝေ လိုက်သော ကျော်ဦး၏ ဥတုရာသီပြောင်းခဲ့ပြီ စာအုပ် ထွက်ပါပြီ။

ပြည်တွင်းတွင်ရော၊ ပြည်ပမှပါ ၀ယ်ယူနိုင်ရန် စီစဉ်ထားပါသည်။ ၀ယ်ယူလိုလျှင် Click here

စာမြည်းဖတ်ရှုလိုသော် Click here
HyperLink
HyperLink
HyperLink
Yahoo! News: Climate Change