ကာဘွန်ဒိုင်အောက်ဆိုက်ကို ခြေရာခံခြင်း
4-Mar-10

    အမေရိကန်နိုင်ငံ အမျိုးသားသမုဒ္ဒရာနှင့် လေထုကွပ်ကဲမှုအဖွဲ့(National Oceanic and Atmospheric Administration)သည် ကမ္ဘာ့လေထုတွင်း ကာဘွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှုများ၊ စုပ်ယူဖယ်ရှားမှုများ၊ ကာဘွန်ရွေ့လျားမှုများကို ခြေရာခံ မှတ်တမ်းတင်သည့် စနစ်တစ်ခုကို ထားရှိသည်။ ပူးတွဲပုံသည် ၂၀၀၈ ခုနှစ် သြဂုတ်လ ၁ ရက်နေ့က ကမ္ဘာ့လေထုအောက်ပိုင်းတွင် ဖြစ်ပေါ်တည်ရှိနေသည့် ဖန်လုံအိမ် ဓာတ်ငွေ့များကို ပြသည့်ပုံ ဖြစ်သည်။
    ပုံတွင် ထင်ရှားစွာ ပေါ်နေသော အာဖရိကတိုက် ကွန်ဂိုနိုင်ငံ မြက်ခင်းဒေသများပေရှိ အနီရောင်အကွက်များသည် သစ်ပင်ခုတ်ထွင် မီးရှို့မှုကြောင့် ထွက်ပေါ်နေသည့် ကာဘွန်ဒိုင် အောက်ဆိုက်များကို ပြသည်။
    ကမ္ဘာ့မြောက်ခြမ်းတွင် ပေါ်နေသော အပြာကွက်များသည် အပင်နှင့် သစ်တောများက စုပ်ယူသည့်အတွက် ကာဘွန်ဒိုင်အောက်ဆိုက် လျော့နည်းနေသော နေရာများ ဖြစ်သည်။ သမပိုင်းနှင့် အအေးပိုင်း ဒေသများတွင် သစ်ပင်များသည် နွေရာသီတွင် ကြီးထွားမြန်ကြ၊ သက်ဝင်လှုပ်ရှားကြသဖြင့် ယင်းအချိန်တွင် လေထုတွင်းမှ ကာဘွန်ဒိုင်အောက်ဆိုက်ကို ပိုမို စုပ်ယူကြသည်။ ဆောင်းတွင်မူ အပင်များ ကာဘွန်ဒိုင်အောက်ဆိုက် စုပ်ယူမှု နည်းပါးသည်။ ဤပုံရိုက်ယူချိန်သည် ယင်းဒေသများတွင် နွေရာသီဖြစ်၍ အပင်များ ကာဘွန်ဒိုင်အောက်ဆိုက်ကို ပိုမိုစုပ်ယူနေချိန် ဖြစ်သည်။ တစ်နှစ်လုံး ခြုံကြည့်လျှင်မူ မြောက်အမေရိကသည် ကာဘွန်ဒိုင်အောက်ဆိုက်ကို အသားတင် ထုတ်လွှတ်သည်။
    ရေထုအပေါ်နှင့် ကမ္ဘာ့တောင်ဘက်ခြမ်းတို့တွင်မူ ဆောင်းဝင်နေကာ သစ်ပင်တို့ ကာဘွန်ဒိုင်အောက်ဆိုက်ကို စုပ်ယူမှု နည်းပါးနေချိန် ဖြစ်၍ လူ့ပယောဂကြောင့် ထွက်သော ကာဘွန်ဒိုင်အောက်ဆိုက်များက ပိုမိုနေသည်။
Skip Navigation Linksပင်မစာမျက်နှာ » သတင်းများ » ယခုစာမျက်နှာ

ထွက်ပြီ

ဤ၀က်ဘ်ဆိုက်ပါ အချက်အလက်များ ကို ထပ်မံဖြည့်စွက် တည်းဖြတ်ကာ စာအုပ်ပုံစံအဖြစ် ဖွဲ့စည်း၍ မြင်ရခဲသော ပုံပေါင်းများစွာနှင့် အတူ ထုတ်ဝေ လိုက်သော ကျော်ဦး၏ ဥတုရာသီပြောင်းခဲ့ပြီ စာအုပ် ထွက်ပါပြီ။

ပြည်တွင်းတွင်ရော၊ ပြည်ပမှပါ ၀ယ်ယူနိုင်ရန် စီစဉ်ထားပါသည်။ ၀ယ်ယူလိုလျှင် Click here

စာမြည်းဖတ်ရှုလိုသော် Click here
HyperLink
HyperLink
HyperLink
Yahoo! News: Climate Change