ကာဘွန်ခရက်ဒစ်များ အခိုးခံရ
3-Feb-10

    ၂၀၁၀ ပြည့်နှစ် ဖေဖော်ဝါရီလ ပထမပါတ်အတွင်း ယူရိုငွေ ၃ သန်းခန့် တန်ဖိုးရှိသော ကာဘွန်ခရက်ဒစ် ၂၅၀၀၀၀ ခန့် အွန်လိုင်းမှ အခိုးခံခဲ့ရကြောင်း သိရသည်။ အခိုးခံရသော လုပ်ငန်းများမှာ ဂျာမန်ကုမ္ပဏီ ၆ ခု ဖြစ်ပြီး ယင်းဖြစ်ရပ်ကြောင့် အီးယူနိုင်ငံများ၏ ကာဘွန်အရောင်းအ၀ယ်ကို ဖေဖော်ဝါရီလ ၂ ရက်နေ့က ခေတ္တပိတ်ထားခဲ့ရသည်။
    ခိုးယူသူများသည် ကာဘွန်အရောင်းအ၀ယ် တကယ်လုပ်နေသူများ ဟန်ဆောင်ကာ မှတ်ပုံတင်ပြီး နယူးဇီလန်၊ နော်ဝေနှင့် သြစတေးလျနိုင်ငံများ အပါအ၀င် နိုင်ငံများစွာရှိ ကာဘွန်အရောင်းအ၀ယ်တွင် ပါဝင်သော လုပ်ငန်းပေါင်း ထောင်ပေါင်းများစွာသို့ အီးမေးလ်များ ပေးပို့ကာ ကာဘွန်အရောင်းအ၀ယ်နှင့် ပတ်သက်သော အချက်အလက်များကို တောင်းယူသည်။ အီးမေးလ် ရရှိသော ဂျာမန် ကုမ္ပဏီပေါင်း ၂၀၀၀ ခန့်အနက် ၇ ခုက မသမာသူတို့ တောင်းသော အချက်အလက်များကို ပြန်လည်ပေးပို့သည်။ မသမာသူတို့သည် ရရှိသော အချက်အလက်များကို အသုံးချကာ ကုမ္ပဏီ ၆ ခုတို့၏ ကာဘွန်ခရက်ဒစ်များကို အောင်မြင်စွာ လွှဲပြောင်း ခိုးယူသွားခြင်း ဖြစ်သည်။
(ကာဘွန်အရောင်းအ၀ယ်နှင့်ကာဘွန်ခရက်ဒစ်အကြောင်း အကျယ်ကို ဥတုရာသီ ပြောင်းခဲ့ပြီစာအုပ် စာမျက်နှာ ၁၉၅ မှ ၁၉၈ အတွင်း ဖတ်ရှုနိုင်ပါသည်။)
Skip Navigation Linksပင်မစာမျက်နှာ » သတင်းများ » ယခုစာမျက်နှာ

ထွက်ပြီ

ဤ၀က်ဘ်ဆိုက်ပါ အချက်အလက်များ ကို ထပ်မံဖြည့်စွက် တည်းဖြတ်ကာ စာအုပ်ပုံစံအဖြစ် ဖွဲ့စည်း၍ မြင်ရခဲသော ပုံပေါင်းများစွာနှင့် အတူ ထုတ်ဝေ လိုက်သော ကျော်ဦး၏ ဥတုရာသီပြောင်းခဲ့ပြီ စာအုပ် ထွက်ပါပြီ။

ပြည်တွင်းတွင်ရော၊ ပြည်ပမှပါ ၀ယ်ယူနိုင်ရန် စီစဉ်ထားပါသည်။ ၀ယ်ယူလိုလျှင် Click here

စာမြည်းဖတ်ရှုလိုသော် Click here
HyperLink
HyperLink
HyperLink
ဆက်စပ်ဖတ်ရှုရန်
Yahoo! News: Climate Change