နိုင်ငံတကာ ဇီဝမျိုးစုံ မျိုးကွဲများနှစ်
27-Jan-10

    လူတို့၏ နေထိုင်ရှင်သန်ရေးသည် ဇီဝမျိုးစုံမျိုးကွဲများဟု ခေါ်ဆိုသည့် မြောက်များလှစွာသော အပင်နှင့် သတ္တ၀ါများ၊ ယင်းတို့ ပေါက်ရောက် နေထိုင်ရှင်သန်ရာ သဘာဝပတ်ဝန်းကျင်တို့နှင့် နီးကပ်စွာ ဆက်ဆံနေရသည်။ ဇီဝမျိုးစုံမျိုးကွဲများ ကြွယ်ဝမှသာ လူတို့ ဆက်လက်ရှင်သန်နိုင်လိမ့်မည်။ ဇီဝမျိုးစုံမျိုးကွဲများ ယုတ်လျော့လျှင် လူတို့ ဆက်လက်ရှင်သန်နိုင်ရေးအတွက် အခက်ကြုံရလိမ့်မည်။
    ဇီဝမျိုးစုံ မျိုးကွဲများ၏ အရေးပါပုံကို လူတို့ ပိုမိုသိရှိကာ ယင်းစနစ် ရှင်သန်နေအောင် လုပ်ဆောင်လာကြရန် ရည်ရွယ်၍ ကုလသမဂ္ဂသည် ၂၀၁၀ ပြည့်နှစ်ကို နိုင်ငံတကာဇီဝမျိုးစုံမျိုးကွဲများနှစ်(International Biodiversity Year)ဟု ကြေငြာလိုက်သည်။
    ၂၀၁၀ ပြည့်နှစ်တွင် ဇီဝမျိုးစုံမျိုးကွဲများ ပျောက်ကွယ်နှုန်းကို လျှော့ချရန် အစိုးရများက လွန်ခဲ့သော ၈ နှစ်က ကတိပြုခဲ့သော်လည်း ယင်းကတိများကို ယနေ့အပြည့်အ၀ အကောင်အထည် ဖော်နိုင်ခြင်း မရှိသေးချေ။ လူနေမြို့ရွာများ၊ စိုက်ခင်းများ ချဲ့ထွင်လာခြင်းက ထိုသို့ ပျက်ကွက်ခြင်း၏ အဓိကအကြောင်း ဖြစ်သည်။
    ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက လူတို့၏ နေရာချဲ့ထွင်မှုကြောင့် မျိုးစိတ်များသည် သဘာဝအတိုင်း ပျောက်ကွယ်နေသည်ထက် အဆပေါင်း ၁၀၀၀ မျှ ပိုမိုမြန်ဆန်စွာ ပျောက်ကွယ်နေသည်ဟု ဆိုသည်။ မျိုးစိတ် အများအပြား ရှင်သန်နေထိုင်ရာ သစ်တောများနှင့် ရွှံ့ညွံဒေသများ လျော့နည်းလာခြင်းကြောင့် မျိုးစိတ် အများအပြား မျိုးတုံးလာနေသည်သာမက ယင်းသစ်တောများနှင့် ရွှံ့ညွံဒေသများက ဆောင်ကြဉ်းပေးသော လေနှင့် ရေကို သန့်စင်စေခြင်း အကျိုးတို့ကိုလည်း ဆုံးရှုံးနေရသည်။ အပူလွန်ကဲခြင်း ရေကြီးခြင်းတို့ကို ပိုမိုကြုံတွေ့ခံစားလာနေကြသည်။
    ကမ္ဘာ့သမိုင်းတွင် အကြီးအကျယ် မျိုးတုံးမှုကြီး ၅ ကြိမ် ကြုံခဲ့ကြရာ ယခုအခါ ဆဋ္ဌမ မျိုးတုံးခြင်း ဖြစ်စဉ်ဆီသို့ ဦးတည်နေပြီဟု ပညာရှင်အချို့က ဆိုသည်။
    ဇီဝမျိုးစုံမျိုးကွဲများ ပျောက်ကွယ်နေမှုကို လျှော့ချရန် နိုင်ငံတကာ ဇီဝမျိုးစုံမျိုးကွဲများနှစ်အတွင်း အင်တိုက်အားတိုက် လုပ်ဆောင်ကြလိမ့်မည်။
    (ဇီဝမျိုးစုံမျိုးကွဲများအကြောင်းကို ဥတုရာသီ ပြောင်းခဲ့ပြီ စာအုပ် စာမျက်နှာ ၁၂၄ မှ ၁၃၁ အတွင်း အကျယ်ဖတ်ရှုနိုင်ပါသည်။)
Skip Navigation Linksပင်မစာမျက်နှာ » သတင်းများ » ယခုစာမျက်နှာ

ထွက်ပြီ

ဤ၀က်ဘ်ဆိုက်ပါ အချက်အလက်များ ကို ထပ်မံဖြည့်စွက် တည်းဖြတ်ကာ စာအုပ်ပုံစံအဖြစ် ဖွဲ့စည်း၍ မြင်ရခဲသော ပုံပေါင်းများစွာနှင့် အတူ ထုတ်ဝေ လိုက်သော ကျော်ဦး၏ ဥတုရာသီပြောင်းခဲ့ပြီ စာအုပ် ထွက်ပါပြီ။

ပြည်တွင်းတွင်ရော၊ ပြည်ပမှပါ ၀ယ်ယူနိုင်ရန် စီစဉ်ထားပါသည်။ ၀ယ်ယူလိုလျှင် Click here

စာမြည်းဖတ်ရှုလိုသော် Click here
HyperLink
HyperLink
HyperLink
Yahoo! News: Climate Change