ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အစည်းအဝေး ကျင်ပမည့် ဒိန်းမတ်နိုင်ငံ ကိုပေဟေဂင်မြို့တော်သို့ လာရောက်ကြမည့် နိုင်ငံခေါင်းဆောင်အများအပြားအပါအ၀င် ဧည့်သည် ၂၀၀၀၀ ကျော်တို့အတွက် နေရာထိုင်ခင်း ဟိုတယ်အခန်းများကို ပြင်ဆင်နေကြသကဲ့သို့ ကိုပင်ဟေဂင် ထောင်အာဏာပိုင်တို့သည် အများအပြား ရောက်ရှိလာမည့် အကျဉ်းသားသစ်များအတွက် အချုပ်နှင့် ထောင်နေရာထိုင်ခင်းများကို အဆင်သင့် ဖြစ်နေအောင် လုံးပမ်းနေကြသည်။
ထိပ်သီးအစည်းအဝေး အများအပြားတွင် ကြုံတွေ့တတ်သည့်အတိုင်း လာမည့် ကိုပင်ဟေဂင် အစည်းအဝေးတွင်လည်း ဆန့်ကျင်ကန့်ကွက်သူ အများအပြား ရှိမည်မှာ သေချာနေသည်။ ကန့်ကွက်သူများကို ယင်းတို့၏ ဆန္ဒထုတ်ဖော်ရန် ခွင့်ပြုမည်ဖြစ်သော်လည်း ဥပဒေဘောင်ကို ကျော်၍ လှုပ်ရှားသူများကိုမူ ဖမ်းဆီးအရေးယူကြရဖို့ ရှိသည်။
ကိုပင်ဟေဂင်ထောင်တွင် ယခုပင် အကျဉ်းသား များလျက်ရှိသော်လည်း “ရာသီဥတုအကျဉ်းသားများ” ထပ်ရောက်လာလျှင် ထောင်အခန်းများတွင် အကျဉ်းသား ဦးရေ ထပ်ထည့်ဦးမည် ဖြစ်သည်။ ၈ စတုရန်းမီတာ ကျယ်သော အခန်းတွင် အကျဉ်းသားတစ်ဦးသာ ထားနေရာမှ နှစ်ဦးအထိထည့်ကာ တစ်ဦးက ခုတင်ဖြင့် အိပ်ပြီး ကျန်တစ်ဦးက ကြမ်းပေါ်တွင် အိပ်ရမည်။ ထိုမျှနှင့် မလောက်သေးပါက ထောင်တွင်း အားကစားရုံကြမ်းပြင်နှင့် အလုပ်ရုံကြမ်းပြင်များတွင် ဖျာခင်း၍ အိပ်ခိုင်းရန် စီစဉ်ထားသည်။
|
|
|
|