ကမ္ဘာနှင့်နေတို့ကြား အကွာအဝေး
ကမ္ဘာ၏ နေပတ်လမ်းကြောင်းသည် ဘဲဥပုံဖြစ်နေ၍ ကမ္ဘာသည် နေနှင့် နီးလာပါက ပူလာပြီး နေနှင့် ဝေးသွားပါက အပူချိန် ကျလာသည်။
(အပြည့်အစုံဖတ်ရှုရန် ...)
|
ကမ္ဘာ့ဝင်ရိုးတိမ်းစောင်းမှု
ကမ္ဘာ့ဝင်ရိုးသည် ၂၃ ဒသမ ၅ ဒီဂရီ တိမ်းစောင်းနေသဖြင့် နွေ မိုး ဆောင်းရာသီများ ပြောင်းလဲဖြစ်ပေါ်သည်။ ကမ္ဘာ့ဝင်ရိုး တိမ်းစောင်းမှု ပမာဏသည် တဖြည်းဖြည်း ရွေ့လျားလျက် ရှိသည်။ တိမ်းစောင်းမှု ပမာဏများသောအခါ နွေအခါ ပိုပူပြီး ဆောင်းအခါ ပိုအေးသည်။ တိမ်းစောင်းမှု နည်းသောအခါ နွေအခါ အပူလျော့၍ ဆောင်းအခါ အအေးလျော့သည်။
(အပြည့်အစုံဖတ်ရှုရန် ...)
|
ကမ္ဘာ့ဝင်ရိုးယိမ်းထိုးနေမှု
ကမ္ဘာသည် မိမိ၏ ၀င်ရိုးပေါ်တွင် ယိမ်းထိုး၍ လည်နေသဖြင့် နွေနှင့်ဆောင်းဝင်ချိန်သည် နှစ်ပေါင်း ၇၀ လျှင် ၁ ရက်နှုန်းဖြင့် တဖြည်းဖြည်း ရွေ့လျားနေသည်။
(အပြည့်အစုံဖတ်ရှုရန် ...)
|
သမုဒ္ဒရာရေထု
ရေမျက်နှာပြင်သည် ကမ္ဘာ့မျက်နှာပြင်စုစုပေါင်း၏ ၇၀ ရာခိုင်နှုန်းမျှ ရှိသည့်အတွက် နေရောင်ကို စုပ်ယူနိုင်သည့် ဧရိယာပမာဏသည် ကုန်းမြေထက် ပိုသည်။ ထို့အပြင် ရေမျက်နှာပြင်၏ အရောင်သည် ကုန်းမြေ၏ အရောင်ထက်ပိုရင့်သဖြင့်နေရောင်ကို စုပ်ယူနိုင်မှုစွမ်းအားသည် ကုန်းမြေထက်ပိုသည်။ ပင်ကိုသဘာဝအားဖြင့် ရေထုသည် လေထုထက် အပူဓာတ်ကို ပိုမိုစုပ်ယူသိုမှီးထားနိုင်စွမ်းလည်း ရှိသည်။ ထို့ကြောင့်များမြောင်လှသော အပူဓာတ်များ၏ ပိုင်ရှင် သမုဒ္ဒရာရေထုသည် ကမ္ဘာ့ရာသီဥတုကို ကောင်းစွာ ခြယ်လှယ်လျက်ရှိကြောင်း သိသာပေသည်။
(အပြည့်အစုံဖတ်ရှုရန် ...)
|
ကမ္ဘာ့မြေထုရွေ့လျားမှု
ကုန်းမြေအများစုသည် အီကွေတာဝန်းကျင်တွင် ရှိနေခဲ့စဉ်အခါ နေရောင်ခြည်ကို စုပ်ယူမှုများပြားသဖြင့် ရာသီဥတုလည်း ပိုပူသည်။ နောက်ပိုင်းတွင် အန္တာတိကတိုက်သည် တောင်ဝင်ရိုးစွန်းအရပ်တွင် ကျန်နေခဲ့ကာ အခြားတိုက်များသည် မြောက်ဖက်သို့ ရွေ့လျားကြသဖြင့် မြေထု၏ အပူဓာတ်သိုမှီးမှု၊ လေထုနှင့် ရေထု စီးဆင်းမှုများ ပြောင်းလဲကာ ကမ္ဘာ့အပူချိန် ကျဆင်းခဲ့သည်။
(အပြည့်အစုံဖတ်ရှုရန် ...)
|
မီးတောင်ပေါက်မှု
မီးတောင်မှ ထွက်သည့် ကန့်ဓာတ် ဆာလ်ဖိတ်အမှုန်များသည်မူ ပြာမှုန်ဘ၀သို့ ပြောင်းကာ ရာသီဥတုကို အေးမြစေသည်။ သို့သော် ဆာလ်ဖိတ်တို့သည် လအနည်းငယ်ကြာမှ ပြာမှုန်ဘ၀ရောက်သည့်အတွက် အဓိက မီးတောင်ပေါက်မှုကြီးများအပြီး ရာသီဥတုအေးမြလာရန်လည်း လပေါင်းများစွာကြာသည်။
(အပြည့်အစုံဖတ်ရှုရန် ...)
|
အေရိုဆိုးလ်အမှုန်များ
အေရိုဆိုးလ် သို့မဟုတ် လေထုအတွင်း လွင့်မျောနေသည့် အမှုန်များသည် အပူချိန်နှင့် စွမ်းအင်ညီမျှမှုကို ပြောင်းလဲစေခြင်းဖြင့် ရာသီဥတု ပြောင်းလဲစေရန် အားပေးသည်ဟု ပညာရှင်အချို့က ယူဆသည်။ မည်သို့ အားပေးသည်၊ မည်မျှ အတိုင်းအတာအထိ အားပေးသည်တို့ကို အတိအကျ မပြောနိုင်ကြသေးချေ။
(အပြည့်အစုံဖတ်ရှုရန် ...)
|