About Us
ယနေ့ကမ္ဘာ ရင်ဆိုင်နေရသော ပြဿနာများအနက် ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုနှင့် ယင်း၏ အကျိုးဆက် အန္တရာယ်များသည် လူသားမျိုးနွယ် အပါအ၀င် သက်ရှိအားလုံးကို လက်တွေ့ကျကျ ခြိမ်းခြောက်နေသည်။ နောင်သားစဉ်မျိုးဆက်များအထိ မလွဲမသွေ ရင်ဆိုင်ဖြေရှင်းနေရဦးမည့် အကြီးဆုံးအန္တရာယ်လည်း ဖြစ်သည်။ ဤ၀က်(ဘ်)ဆိုက်တွင် ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုအကြောင်းကို ရှုထောင့်စုံမှ မြန်မာဘာသာဖြင့် တင်ပြထားသည်။
တင်ပြသူ “ကျော်ဦး”သည် ရန်ကုန်စက်မှုတက္ကသိုလ်မှ မြို့ပြအင်ဂျင်နီယာဘွဲ့နှင့် နယ်သာလင်နိုင်ငံ ဟိုက်ဒရောလစ်နှင့်ပတ်ဝန်းကျင်ရေးရာအင်ဂျင်နီယာတက္ကသိုလ်မှ ဘွဲ့လွန်ဒီပလိုမာတို့ကို ရရှိခဲ့သည်။ ရေပေးဝေရေးနှင့် သန့်ရှင်းရေးအင်ဂျင်နီယာအဖြစ် အနှစ် ၂၀ ခန့် တာဝန်ထမ်းဆောင်ခဲ့သည်။ စာနယ်ဇင်းများတွင် ၁၉၆၈ ခုနှစ်မှ စ၍ သိပ္ပံဆောင်းပါးများကို ရေးသားခဲ့၊ ရေးသားဆဲ ဖြစ်ရာ ယနေ့အထိ ဆောင်းပါးပေါင်း ၃၀၀ ကျော်ခန့် ပါရှိခဲ့သည်။ သိပ္ပံစာအုပ် နှစ်အုပ်ကို ရေးသားထုတ်ဝေခဲ့သည်။ ပထမစာအုပ် “အနန္တစကြ၀ဠာ၏အနားစွန်းပေါ်သို့”စာအုပ်သည် ၂၀၀၃ ခုနှစ်အတွက် အမျိုးသားစာပေ(ရိုးရိုးသိပ္ပံ)ဆုကို လည်းကောင်း၊ ဒုတိယစာအုပ် “နေသူရိန်၏အရှိန်အ၀ါအောက်မှာ”စာအုပ်သည် ၂၀၀၆ ခုနှစ်အတွက် အမျိုးသားစာပေ(ရိုးရိုးသိပ္ပံ)ဆု ကို လည်းကောင်း ရရှိခဲ့သည်။
ဤ၀က်(ဘ်)ဆိုက်ကို ဒီဇိုင်းရေးဆွဲဖန်တီးသူ “ကောင်းထွတ်ဦး”သည် အ.ထ.က(၁)ဒဂုံတွင် ပညာသင်ကြားခဲ့ပြီး ရန်ကုန်ကွန်ပျူတာတက္ကသိုလ်မှ B.C.Sc (Hons)ဘွဲ့ကို ရရှိခဲ့သည်။ ယခုအခါ ၀ါသနာအလျောက် Web Developerအဖြစ် E-Commerce siteများအပါအ၀င် Web Solutionများကို ရေးဆွဲဖန်တီးလျက်ရှိသည်။
ဤ၀က်(ဘ်)ဆိုက်ကို ၂၀၀၉ ခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့မှ စ၍ လွှင့်တင်သည်။